၁။ တီဗွီကြည့်ပြီး အချိန်ကုန်မခံပါနဲ့။
သူဌေးတွေက ဘယ်တော့မှ
ရုပ်မြင်သံကြားအစီအစဉ်တွေ၊
ဇာတ်လမ်းတွေကြည့်ပြီး
အချိန်ကုန် မခံကြပါဘူး။
တီဗွီကြည့်မယ့်အစား
စာအုပ်တွေပဲ ဖတ်နေလေ့ရှိပါတယ်။

 

Elon Musk ကနေ
Warren Buffett အထိ
နာမည်ကျော် လုပ်ငန်းရှင်
သူဌေး တွေအားလုံးဟာ
တစ်နေ့တာရဲ့
အချိန်တော်တော်များများကို
စာဖတ်ခြင်း ဖြင့်
ကုန်ဆုံးတတ်ကြပါတယ်။
စာဖတ်တဲ့နေရာမှာလည်း
အပျော်ဖတ်စာပေတွေထက်
ပညာရမယ့်၊ တိုးတက်မှု
တစ်စုံတစ်ရာ ရရှိနိုင်မယ့်
စာအုပ် စာပေတွေကိုပဲ
ဖတ်လေ့ရှိပါတယ်။

 

 

၂။ ဘယ်တော့မှ
တစ်ဦးတည်း သီးခြားခွဲထွက်
မနေပါနဲ့။
သူဌေး တွေအားလုံးက
လူမှုဆက်ဆံရေး
ကောင်းကြသူတွေချည်းပဲ ဖြစ်ပါတယ်။
သူတို့ဟာ အမြဲတမ်းလိုလို
မိတ်ဆွေသစ် တွေနဲ့ တွေ့ဆုံပြီး
စကားစမြည်
ပြောနေလေ့ရှိပါတယ်။
ဒီလို့ လူမှုဆက်ဆံရေး
ကောင်းမွန်တာဟာ အောင်မြင်မှု ရဲ့
သော့ချက်ဖြစ်တယ် ဆိုတာကို
သူတို့တွေက သေချာသိရှိထားကြပြီး
သူတို့ရဲ့ လူမှုကွန်ယက်ကို
တိုးချဲ့နိုင်ဖို့ အားထည့်ကြပါတယ်။

 

၃။ အပိုတွေလျှောက် မတွေးပါနဲ့။
အောင်မြင်တဲ့ လုပ်ငန်းရှင် တိုင်းဟာ
သူတို့ရဲ့ ပင်ကိုယ် သိစိတ်ကို
ယုံကြည်စွာအသုံးပြုလေ့ရှိပြီး
အများကြီး
လျှောက်တွေးလေ့မရှိပါဘူး။
( အကျိုးဆက်တွေကို
သေချာမသုံးသပ်တာမျိုးကို
ဆိုလိုတာတော့ မဟုတ်ပါဘူး )
ဆင်ခြင်သုံးသပ်မှုတွေနဲ့
အချိန်ကုန် မခံတာမျိုးကို
ဆိုလိုတာဖြစ်ပါတယ်။
လုပ်ဆောင်ရမယ့် အရာတွေကို
သေချာ ဆင်ခြင်
သုံးသပ်ပြီးပြီ ဆိုတာနဲ့
လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီး
လုပ်စရာရှိတာတွေကို
စတင်လုပ်ဆောင်ကြပါတယ်။
ဘယ်တော့မှ နောက်ပြန်လှည့်
ကြည့်လေ့မရှိပါဘူး။
READ ဝန်ထမ်း တိုင်း သူဌေး တိုင်းဖတ်သင့်တဲ့စာ

 

၄။ တကယ် ရင်မဆိုင်ကြည့်ပဲ
အရှုံးမပေးပါနဲ့။
သူဌေး တွေအားလုံးဟာ
ဒုက္ခရောက်လာချိန်မှာ
ဘယ်တော့မှ အရှုံးပေးဖို့
မစဉ်းစားတတ်ကြပါဘူး။
ကျရှုံးမှုတွေ
အဆင်မပြေမှုတွေ အားလုံးကို
ဇွဲရှိရှိနဲ့ ကျော်ဖြတ်ကြပါတယ်။
လုပ်ငန်းရှင် အများစုဟာ
လုပ်ဖော်ကိုင်ဖက် တွေ၊
မိတ်ဆွေ၊ မိသားစုဝင်တွေရဲ့
ဝေဖန်ပြစ်တင်မှုတွေ
ခံရလေ့ရှိပေမယ့်
လက်မလျှော့တတ်ကြပါဘူး။
အောင်မြင်သူအစစ်တွေက
ဘယ်တော့မှ နောက်ကောက်ကျ
မကျန်နေခဲ့ပါဘူး။

 

၅။ အားကစား လုပ်ဖို့ မမေ့ပါနဲ့။
ချမ်းသာ အောင်မြင်နေတဲ့
လုပ်ငန်းရှင်တိုင်းဟာ
မနက်ခင်းမှာ လေ့ကျင့်ခန်း
လုပ်တတ်ကြပါတယ်။
သူတို့အတွက် မနက်ခင်း
လေ့ကျင့်ခန်းလုပ်တာဟာ နေ့စဉ်
လုပ်ငန်းဆောင်တာတွေ အတွက်
အာရုံစူးစိုက်နိုင်ပြီး၊
လုပ်ငန်းပြီးမြောက်မှုကို
တိုးတက်လာစေဖို့
အကျိုးသက်ရောက်မှု
ရှိတယ်ဆိုတာကို
နားလည်ကြပါတယ်။

 

၆။ အိပ်ရာထနောက်မကျပါနဲ့။
အောင်မြင်တဲ့သူ အများစုဟာ
မနက်စောစော
အိပ်ရာ ထတတ်ကြသူတွေ
ချည်းပဲဖြစ်ပါတယ်။
သူတို့ဟာ ဘယ်တော့မှ
အိပ်ရာထဲမှာကွေးနေပြီး
အလုပ်နောက်ကျခံတဲ့အထဲမှာ
မပါကြပါဘူး။

 

၇။ မပျင်းပါနဲ့။
အောင်မြင်သူ အများစုဟာ
သူတို့ပတ်ဝန်းကျင်မှာ
လေ့လာစရာ အခွင့်အလမ်းတွေ
အမြဲတမ်းရှိနေတာကို
သိကြတဲ့အတွက်
ပျင်းနေတယ်ဆိုတာ မရှိပါဘူး။
ထိုင်ပြီး ပျင်းနေမယ့်အစား
မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံဖို့၊
သင်တန်းတွေတက်ဖို့၊
စာအုပ်တွေဖတ်ဖို့၊ စသဖြင့်
အရည်အချင်းနဲ့ အသိပညာ
ဗဟုသုတတွေ တိုးလာဖို့ကိုပဲ
အမြဲအားထုတ်နေတတ်ကြပါတယ်။
သန်းကြွယ် ကုဋေ့ကြွယ်သော
သူဌေး ကြီးများ ဖြစ်ကြပါစေခင်ဗျား

Credit : Gentleman Magazine

No Internet Connection