ဖော်ပြချက်
• သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်း (SOP) နှင့်အညီ စက်ပစ္စည်းများကို စနစ်တကျ မောင်းနှင်ရန်။
• စက်မမောင်းမီ လိုအပ်သော စစ်ဆေးမှုများပြုလုပ်ရန်နှင့် စက်လည်ပတ်နေစဉ် လိုအပ်ပါက အနည်းငယ် ညှိနှိုင်းပြင်ဆင်ရန်။
• ထုတ်ကုန်များ၏ အရည်အသွေးကို စစ်ဆေးရန်နှင့် ချို့ယွင်းချက်ရှိပါက အထက်လူကြီးထံ ချက်ချင်းအစီရင်ခံရန်။
• စက်ရုံ၏ ဘေးအန္တရာယ်ကင်းရှင်းရေး စည်းကမ်းများ (Safety Rules)၊ PPE ဝတ်ဆင်မှုနှင့် GMP စံနှုန်းများကို တိကျစွာလိုက်နာရန်။
• မိမိတာဝန်ယူရသော စက်နှင့် ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်အောင် (ဖုန်၊ သံချေးနှင့် အမှိုက်ကင်းစင်အောင်) အမြဲထိန်းသိမ်းရန်။
• စက်ချို့ယွင်းမှုဖြစ်ပါက ကနဦးစစ်ဆေးရန်နှင့် အသေးစားပြင်ဆင်မှုများ ပြုလုပ်ရန်။
• နေ့စဉ် ထုတ်လုပ်မှုမှတ်တမ်းများနှင့် စက်ရပ်နားမှု အချက်အလက်များကို တိကျစွာ ရေးသွင်းရန်။
Requirements
• (၁၀) တန်း အောင်မြင်ပြီးသူဖြစ်ရမည်။
• အသက် (၁၈) နှစ် ပြည့်ပြီးသူဖြစ်ရမည်။
• ကျန်းမာရေးကောင်းမွန်ပြီး အလုပ်ကြိုးစားသူဖြစ်ရမည်။
• အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
• စက်ရုံအလုပ်ချိန် (Shift) အလှည့်ကျ ဆင်းနိုင်သူဖြစ်ရမည်။
Specific details
-OT
-Bonus based on performance
-Group life insurance after probation
